ရည်ရွယ်ချက်
- ဗုဒ္ဓသာသနာတော်ကို အမေရိကန်ပြည်ထောင်စုအတွင်း စနစ်တကျ ပြန့်ပွားစေရန်။
- မြန်မာရဟန်းသံဃာတော်များ၏ ညီညွတ်ရေး၊ အပြန်အလှန် ကူညီစောင့်ရှောက်ရေးနှင့် သံဃာ့ဂုဏ်သိက္ခာကို မြှင့်တင်ရန်။
- သီလ၊ သမာဓိ၊ ပညာ တိုးပွားရေးနှင့် ဓမ္မပညာများ လေ့လာသင်ကြားရေးကို အားပေးမြှင့်တင်ရန်။
- ပရဟိတနှင့် လူမှုအကျိုးပြုလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန်။
- ဗုဒ္ဓဘာသာဆိုင်ရာ ပညာရေး၊ ယဉ်ကျေးမှုနှင့် အမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်ရန်။
- အမေရိကန်နိုင်ငံရှိ မြန်မာဘုန်းတော်ကြီးကျောင်းများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်။
- အမေရိကန်ပြည်ထောင်စု၏ ဥပဒေများကို လေးစားလိုက်နာလျက် သာသနာရေးလုပ်ငန်းများကို ဆောင်ရွက်ရန်။
